Linux အကြောင်းကို seminar တစ်ခုရှိတာ မတက်ဖြစ်လိုက်ဘူး အဲဒါနဲ့ စိတ်ပြေလက်ပျောက် Linux အကြောင်း ကျွန်တော် သိသလောက်ရေးထားတာပါ မှားတာရှိရင်ထောက်ပြကြနော် Linux ဆိုတာ operating system တစ်ခုပါပဲ OS ဆိုတာကတော့ machine တစ်ခုနဲ့ user နဲ့  program အကြားမှာအဆင်ပြေအောင် ဆက်သွယ်ပေးတဲ့ပေါင်းကူးပေးတယ့် တံတားတစ်ခုဆိုလည်း မမှားပါဘူး ဟိုးအရင်တုံးကကျွန်တော်တို့ တွေ OS မပေါ်ခင်တုံးက ကွန်ပျုတာတွေကို machine language တွေနဲ့ ခိုင်းစေအမိန့် ပေးခဲ့ရပါတယ် ဒါပေမယ့်အဲဒါဟာအဆင်မပြေတာကြောင့်နောက်ပိုင်းမှာ OS တွေပေါ်လာပါတယ် အစောဆုံးပေါ်လာတဲ့ OS က UNIX လို့ ပြောလို့ ရပါတယ်။ UNIX ကကျွန်တော်အခုပြောမယ့် LINUX OS ရဲ့ အဖေလို့ ပြောရင်လည်းမမှားပါဘူး UNIX ကအစောပိုင်းတုံးက OSOP (Open Source Operating System ) နောက်ပိုင်းမှာတော့ UNIX ဟာ company တစ်ခုက၀ယ်ယူပြီးတဲ့နောက် (ဘယ် company လဲတော့မမှတ်မိ) Closed Source ဖြစ်သွားပါတယ် kernel ကို edit လုပ်ခြင်းကိုလည်းကန့် သတ်လိုက်ပါတယ် အဲဒါအပြင် UNIX ရဲ့  kernel ဟာသီးသန့် လို ဖြစ်သွားတော့ သူအတွက်သီးသန့် ပြုလုပ်ထားတဲ့ hardware requirement မှာပဲအသုံးပြုနိုင်ပါတယ် အဲဒီနောက်ပိုင်း UNIX ကအဲလိုရက်စက်သွားတဲ့အချိန် လူတွေကလည်း OS ကိုအသုံးပြုဖို့ စိတ်အားထက်သန်နေကြပါတယ် ( machine language တွေနဲ့ ကဘယ်လို မှအဆင်မပြေဘူးလေ) အဲဒါနဲ့ ပွဲလန့် တုံးဖျာခင်းဆိုသလို mircosoft က Bill gate ကြီးက window 3.1 ဆိုတဲ့ OS ကြီးနဲ့ အစောပိုင်းမိတ်ဆက်ပေးလိုက်ပါတယ် ဒီကြားထဲမှာတခြား OS တွေအများကြီးလည်းမထွက်မဟုတ် ထွက်ပေါ်ခဲ့ပါသေးတယ် ဒါပေမယ့်တကယ်တမ်း အနာနဲ့ ဆေးတည့်သွားတယ်လို့ ပြောရမှာကတော့ window 3.1 ပါ အဲဒီနောက်ပိုင်း window ကတဟုန်ထိုးထောင်တက်လာတာ window ME window NT window 95 window 98 window 2000 window xp နောက်ပိုင်း Window Vista , Window 7 တို့ အထိပါပဲ ဒါက client type OS တွေပါ microsoft က server edition OS တွေဖြစ်တဲ့ window 2003 window 2008 တို့ ကိုလည်းထုတ်ခဲ့ပါတယ်
အခုကျွန်တော်ပြောတာ Linux အကြောင်းမရောက်သေးပါဘူး window အကြောင်းပဲရှိပါသေးတယ် Window OS ဟာ Vista မှာ အရမ်း သိသာလာပါတယ် သူရဲ့  hardware requirement တွေ bug တွေဟာ စားသုံးသူကိုအဆင်မပြေအောင် လုပ်နေသလိုဖြစ်နေပါတယ် တစ်ချို့ ဆို microsoft ကပဲ hardware company တွေ နဲ့ ပေါင်းပြီး လုပ်စားနေသလို မြင်ကုန်ကြပါပြီ ဒါအပြင်သူရဲ့  တရားဝင်ရောင်းဝယ်တဲ့ဈေးကလည်း အင်မတန်မြောက်နေတယ့် အတွက် စားသုံးတွေမျက်ခုံးခပ်လှုပ်လှုပ်ဖြစ်ကုန်ပါပြီ ဒါကြောင့်လူတွေက OSOP ဖြစ်တဲ့ Linux ကိုသုံးဖိုစဉ်းစားနေကြပါပြီ Linux ပေါ်ပေါက်လာပုံကိုလည်းတင်ပြပါရစေ Linux လို့ ခေါ်ခေါ်နေတဲ့ OS ကို Linus Torvalds ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးကရေးသားခဲ့တာပါ သူကလည်း microsoft ကိုယှဉ်ပြိုင်ပြီးတော့ရေးသားဖို့  ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါ အစောပိုင်း သူ master/thesis အတွက် project အနေနဲ့  portable OS ဆိုပြီးတင်သွင်းခဲ့တာပါ နောက်တော့သူက အဲဒါကို code တွေအကုန်လုံးကို ဖွင်ချပြီး OSOP တစ်ခုအနေနဲ့ ရပ်တည်ခဲ့ပါတယ် အဲဒါနဲ့ နောက်ပိုင်း developer တွေကအလျိုလျိုပေါ်လာပြီး မိမိတို့ ဘာသာရေးရင်းနဲ့ မှ Linux OS တွေအများအပြားပေါ်လာပါတယ်။ ဒါပေမယ့် window 95 98 ခေတ်အထိ linux က သူရဲ့  terminal (command line) ကိုအားထားနေရတဲ့အတွက် လူသုံးမများခဲ့ပါဘူး Developer တွေ advanced user တွေ ကျောင်းသားတွေ လောက်ပဲအသုံးများခဲ့ပါတယ် နောက်ပိုင်းမှာတော့ GNOME နဲ့ KDE ဆိုတဲ့အဓီက Desktop Environment နှစ်ခုပေါ်လာပြီးနောက်ပိုင်း Linux ဟာလည်း window ကဲ့သို့  GUI ကိုအသုံးပြုလာပါတယ် Linux ဟာလည်း window ကဲ့သို့  server edition , client edition (desktop edition) ဆိုပြီးရှိပါတယ် server edition တွေကတော့ ဥပမာ Red Hat, Open Suse, အစရှိတဲ့ အမျိုးအစားများစွာရှိပြီး desktop edition အတွက်လည်း Unbuntu, Fedora ဆိုပြီး Edition များစွာရှိပါတယ် Linux တွေကို GNU/Linux Distro လို့ ခေါ်ပါတယ် ဒါပေမယ့်လူတွေကအဖျားဆွတ်ပြီးတော့ Linux လို့ ပဲခေါ်ကြပါတယ် တကယ်တမ်း Linux ဆိုတာ OS မဟုတ်ပါဘူး OS မှာပါတယ့် kernel ရဲ့ နာမည်ပါ မှတ်မှတ်ရရ Linux ရဲ့ အမှတ်တံဆိပ်အဖြစ် ပင်ကွင်းလေးကိုအသုံးပြုပါတယ် ဘာဖြစ်လို့ လဲဆိုတော Mr.Linux ငယ်ငယ်တုံးကပင်ကွင်းကိုက်ဖူးတာကို မှတ်မှတ်ရရအနေဲ့ ပင်ကွင်းကောင်လေး အသုံးပြုထားတာပါ။ လင်းနစ်ကိုချစ်စနိုးအနေနဲ့  Tux လို့ ခေါ်ဝေါ်အသုံးပြုပါတယ် kernel version ဟာလည်း 2.26 အထိရောက်ရှိလာပါပြီ အနာဂါတ်မှာ Linux က microsoft ကထုတ်တဲ့ window ကိုကျော်ဖြတ်သွားမယ်လို့ ယုံကြည်ပါတယ် window ဟာ Linux နဲ့ ယှဉ်ကြည့်ရင် window က user friendly ဖြစ်တာနဲ့  Linux လောက် internet access မလိုတာကလွဲလို့ ကျန်တဲ့နေရာတော်တော်များများမှာ နိမ့်ကျနေပါတယ် UI အပိုင်းမှာယှဉ်မလား KDE ကိုဘယ်လိုမှမမှီပါဘူး Fedora 10 ဟာဆိုရင် window 7 ထက်တောင် UI ပိုလှပါသေးတယ် နောက်ပြီး software package တွေဟာအလကားလိုလိုရနေတာပါ နောက်ပြီး window လောက် security problem မများပါဘူး နောက်ပြီး Linux ရဲ့  security ဟာတခြား OS တွေတော်တော်များများ specialized OS တွေကလွဲရင်တော်တော်ခိုင်မာတယ်လို့ ပြောလို့ ရပါတယ် နောက်ပြီး Linux ဟာ window နဲ့ ယှဉ်ရင် hardware requirement နဲ့ နှိုင်းစာရင်မိုးနဲ့ မြေလိုကွာခြားနေပါတယ် linux ကိုသုံးဖို့ အတွက် hardware requirement အများကြီးမလိုပါဘူး ဒါကြောင့်လူတွေတော်တော်များများက Linux ကိုသုံးဖို့ စိုင်းပြင်နေကြပါပြီ ကျွန်တော်တို့ လည်း Linux OS ကြီးကိုဂုဏ်ယူစွာနဲ့ အသုံးပြုကြပါစို့ (ဟီးဟီးအလကားရလို့ ) |