|
|
 |
ကျွန်တော်နဲ့  ubuntu
ကျွန်တော်ဗျာ ubuntu စသုံးတုံးကလန့် လိုက်တာကိုယ်မသုံးဖူးတဲ့ OS ဆိုတော့ ဘာတွေများဖြစ်ဦးမလဲဆိုပြီးတော့ပေါ့ဗျာ ကိုစေတန်ကညွန်းလွန်းလို့ သာသုံးရတယ် အဲဒါတင်ပြီးဘာလုပ်လို့ လုပ်ရမလဲလည်းမသိဘူး နောက်ပြီးရလာတဲ့အခွေကလဲ wubi မဟုတ်ဘူး
ဒီတိုင်းတင်ရတဲ့ဟာကြီး အဲဒါနဲ့ မထူးပါဘူးဆိုပြီးတင်လိုက်တာတင်ဖြစ်သွားရော မှတ်မှတ်ရရ patatition ပိုင်းတုံးကလားမသိဘူးမေးတာက OS က auto တင်မလားရယ် manual ပိုင်းမလားဆိုပြီးမေးတယ် ကျွန်တော်ကတော့ manually ပိုင်းမယ်ပေါ့ ဆိုပြီး manual ယူလိုက်တယ်
ဗျာ အဲဒီမှာတိုင်စပတ်တာပဲဘယ်လောက်ပိုင်းလို့ ပိုင်းရမလဲမသိ အဲဒါနဲ့ ကျွန်တော် 10 GB လောက်ယူလိုက်တာနောက်မျှများသွားမှန်းသိတယ် (နစ်နာလိုက်တာ L ) install လုပ်ပြီး 15%လောက်နေတော့ရပ်သွားသေးတယ် လန့် သွားတာပေါ့ဘာဖြစ်တာလဲဆိုပြီး နောက်တော့ ပြန်တက်လာတော့မှပဲဟူးဆိုပြီးသက်ပြင်းချမိလိုက်တယ် အဲဒါပြီးလို့ ငါးမိနစ်လောက်ပဲရှိဦးမယ် ကျွန်တော်ထင်တာ ကတော့ 46% လောက်မှာပေါ့ဗျာ Error 5 ဆိုပြီး အစချီတယ့် message box ကြီးတက်လာပါတယ် အဲဒီင်္မှာရေးထားတာက CD မကောင်းဖူးဆိုတော့ CD ထုတ်တာထုတ်လို့ မရဘူး window တင်တုံးဆိုရင် အဲလိုထုတ်ပြီး ဖုန်လေးဘာလေးသုတ်ပြီး မှပြန်တင် နေကြဟာကို အခုကြတော့ဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူး အဲဒီတုံးကစစချင်း CD error လို့ မသိသေးဘူးအဲဒါနဲ့ နောက်တစ်ခေါက် ထပ်သွင်း ကြည့်လိုက်သေးတယ် အဲဒီအခါလည်း အဲဒီစာပေါ်လာတော့ ကျွန်တော်လည်းစိတ်ပျက်ပြီးဘာဆက်လုပ်ရမှန်းမသိတော့ဘူး
နောက်မှ CD error မှန်းသိတော့မှ CD လေးကို ဖုန်လေးဘာလေး သုတ်ပြီင်္းပြန်တပ်လိုက်မှပဲ အဆင်ပြေတော့တယ် အဲဒီမှာ အူဘွန်းတူဆိုတဲ့ဟာကြီးကို တင်ပြီးတဲ့နောက်မှာ အမောတော့ တော်တော်ပြေသွားတယ် GUI လေး ကလည်းလှတယ်ဗျ ဒါတောင် GNOME ပဲရှိသေးတယ် ဟိုဟာလျှောက်ကလစ် လိုက် ဒီဟာလျှောက်ကလစ်လိုက်နဲ့ မသိရင် သုံးနှစ်သားကလေးလေး ကွန်ပျုတာစသုံးတာကြနေတာပဲ လျောက်သုံးနေရင်နောက်ပြသနာတစ်ခုတွေ့ ပြန်ရော သီချင်းတွေဘာတွေဖွင့်လို့ မရဘူး Mp3 တို့  video file format တို့ ဆိုနိုးပဲ အဲဒါနဲ့ MZ မှာပြန်ရှာ ဟာအကုန်လုံးလိုလိုကလည်း တိုက်ရိုက်ချိတ်ဒေါင်းတာတွေ ချည်းပဲ ကျွန်တော်လို offine သမားတွေအတွက်မတွေဘူး နောက်ဆုံးတွေ့ တော့တွေတယ် zshare တဲ့နည်းနည်းတော့ရင်ခုန်သွားတယ် zshare ကဒေါင်းမယ့်သူမရှိရင်ရက် ၁၂၀ ကျော်ရင်အဲဒီလင့်ကို ဖျက်လိုက်တယ် ဟာအဲဒါနဲ ဒေါင်းကြည့်လိုက်တယ် ပျော်ပြီးတော့ ဆုတောင်းကမပြည့်လိုက်ပါဘူး 7% လောက်မှာပျက်ကြသွားတယ် ဘာလုပ်လို့ လုပ်ရမှန်းမသိ နောက်နှစ်ရက်လောက်နေတော့ကိုသေတ္တာကိုမေးကြည့်လိုက်တယ် ဘယ်သို့ ဘယ်ချမ်းသာဆိုပြီး အဲဒါနဲ့ ပဲ ကိုသေတ္တာကလည်း ကျွန်တော်ဒေါ့င်းခဲ့တဲ့လင့်ကြီးပြန်ပေးပြန်ရော ကျွန်တော် စိတ်ညစ်သွားတယ်ဒီင်္တစ်လင့်ထဲရှိမယ့်ပုံပဲ google မှာရှာကြည့်တော့လည်းကျန်တာတွေက torrent တွေချည်းပဲ အဲဒါနဲ့ စိတ်ညစ်ညစ်နဲ့ ပဲ Zshare ကိုပြန်ဒေါင်းရပြန်တယ် ဒီတစ်ခေါက်တော့ 7% ကျော်သွားတော့ နည်းနည်းတော့ ပျော်သွားတယ် အဲဒါနဲ့ 30% ကျော်သွားတော့ connection က ရုတ်တရက်ကျသွားတယ် အဲဒါနဲ့ စောင့်ရတာလည်း ပျင်းတာနဲ့ အပျင်းပြေဆိုပြီး game ဆော့ပြီးစောင့်နေ လိုက်တယ် Dota ပေါ့ဗျာ online game လည်းမဆော့ရဲဘူး အဲဒါနဲ့ ဆော့လိုက် Window key လေးနှိပ်လိုက်နဲ့ နောက်မှပြန်ကြည့်မိတယ် Download speed ကပိုကျသွားတာ 4-5 Kb/s လောက်ပဲရှိတော့တယ်အဲဒါနဲ့ ဂိမ်းကိုပြန်ထွက်အပြင်မှာငုတ်တုပ်ထိုင်ရင်းစောင့်လိုက်တာ ၂နာရီလောက်စောင့်လိုက်ရတယ်ဘာမှမသုံးပဲ ဒါနဲ့ အိမ်ပြန်တော့ ၁၁နာရီထိုးနေပြီ အဲဒါလေးသွားဒေါင်းတာ အဲဒါနဲ့ နောက်နေ့ ကျတော့မီးလာတာနဲ့ အဲဒါလေး စမ်းလိုက်တာအားလုံး အိုကေအေးအေးဆေးဆေးပဲ အဆင်ပြေသွားပြီး ubuntu နဲ့ သီချင်းတွေဘာတွေ ဖွင့်လိုရသွားတယ် ဟူးမောလိုက်တာ အိပ်ချင်လာပြီ နောက်မှပဲတင်တော့မယ် အော်အူဘန်တူ |
|
 |
|
|
|
|