ကျွန်တော်ဆရာမပြောဖူးတာလေးကိုပြန်ပြောပြချင်ပါတယ် ကျွန်တော်ဆရာမက
company တစ်ခုကလူကြီးတစ်ယောက်သူသားသမီးတွေကို ကွန်ပျုတာနဲ့ ပတ်သက်တဲ့
အပိုင်းတွေကိုအိမ်မှာခေါ်သင်ဖို့ ဆိုပြီးတော့စုံစမ်းပေးဖို့ အကူအညီတောင်းတယ်
ကျွန်တော်ဆရာမကလည်းမေးတာပေါ့ ကွန်ပျုတာနဲ့ ပတ်သက်တဲ့ဘယ်အပိုင်းတွေသင်ချင်သလဲ
ဆိုပြီး ဆရာမအနေနဲ့ လည်းသူ မတက်ကျွမ်းတဲ့ဘာသာရပ်တွေပါလာရင် ဆရာတွေရှာလို့ 
ရအောင်ဆိုပြီးတော့ပေါ့ဗျာ သင်ခိုင်းတဲ့ဘာသာတွေကများတော့အများသား ဘာတဲ့ 
basic, photoshop, illustrator,Basic internet using, autocad , computer security
(virus သတ်တာအပါအ၀င်ပေါ့ဗျာ ဒါတောင်သူပြောတာက virus တွေကို antivirus မသုံးပဲသတ်နိုင်တဲ့အထိသင်ပေးရမယ်တဲ့)
Internet security, system administration ဆန်ဆန်မျိုးရယ်
နောက် မှတ်တော့မမှတ်မိတော့ဘူး programming language နှစ်ခုရယ်
အဲဒါတွေကိုတပြိုင်နက်သင်ခိုင်းတာပါ ကျွန်တော်ဆရာမကတော့ပြောရှာပါတယ်
အဆင်မပြေနိုင်ကြောင်း တကယ့်လက်တွေမှာအလုပ်လုပ်နေတဲ့
it နယ်ပယ်မှပညာရှင်တွေတောင်အကုန်တက်ကျွမ်းချင်မှတက်ကျွမ်းကြောင်း
အခုမှစသင်သောသူတစ်ယောက်အနေနဲ့ မဖြစ်နိုင်ကြောင်းပြောပါတယ
် ဒါပေမယ်ဟိုလူကြီးကလည်း ဇွတ်သူသားသမီးများလိုက်နိုင်မယ်ထင်ကြောင်း
သူအိမ်မှာအင်တာနက်ဆိုလား ချိတ်ထားသဖြင် သူသားသမီးများမှာ လိုက်နိုင်လောက်ကြောင်းပြောပါတယ
် ဆရာမလည်းပြောလို့ မရတာနဲ့ စကားနည်းရန်စဲဆိုပြီး စုံစမ်းပေးမယ်ဆိုပြီးပြောလိုက်ပါတယ်
ထွေရာလေးပါးပြောပြီးမှသူသားသမီးတွေအသက်ကိုမေးကြည့်တော့မှ
သင်ရမယ်သားသမီးသုံးယောက် က ၂တန်း ရယ် ၄တန်းရယ် ၇တန်းရယ်ဆိုလားဖြစ်နေတယ်
ကျွန်တော်အဓိကပြောချင်တာကတော့တစ်ချို့ မိဘတွေကသားသမီးကိုနိုင်မှန်းမနိုင်မှန်းသိ
တက်ရင်ပြီးရော ဒါမှမဟုတ် ဆာတီဖီဂီတ် ပဲရရင်ပြီးရောလို့ သဘောထားလားတော့မသိ တက်ခိုင်းလိုက်တဲ့သင်တန်းတွေ အချိန်တန်တော့ဘာမှမဖြစ်လာရင်အဲဒီသင်တန်းစရိတ်တွေက အရမ်းနှမြောဖို့ ကောင်းပါတယ်
သေချာစဉ်းစားကြည့်ရင်တော့သားသမီးကို ဒီသင်တန်း ဒီဘာသာရပ် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလား မစားလား
သိပြီးမှတက်ခိုင်းစေချင်ပါတယ် သားသမီးတွေအနေနဲ့ လည်းမိဘတွေကိုစာနာစေချင်ပါတယ် ကိုယ်တကယ်စိတ်ဝင်စားတယ် ဒီသင်တန်းကိုတက်မှကိုယ်အတွက်အကျိုးအမြတ် ဗဟုသုတ အခွင့်အလမ်း ရရှိမှတက်တာကောင်းပါတယ် အဲဒီလိုမဟုတ်ပဲ အိမ်ကအထွက်ပြရုံတက်တာကိုတော့အားမပေးပါဘူး တခါတလေလည်းဘာသာရပ်နှစ်ခု
ကိုယ်ကလည်းစိတ်ဝင်စားတဲ့ဘာသာရပ်တွေပဲ ဒါပေမယ် အဲံဒီဘာသာရပ်ကခက်တယ်
အဲဒီဘာသာရပ်နှစ်ခုသုံးခုပြိုင်တက်ရင်ကွိုင်တက်လာနိုင်ပါတယ်
ဘယ်လိုပြောမလဲ ရှုပ်ကုန်တယ်ပြောရမှာပေါ့ ဥပမာအနေနဲ့ ပြောရင်ကျွန်တော်စီနှီယာတစ်ယောက် UCSY ကပါပဲ
သူကပထမနှစ်တုံးကသူ IDCS တက်တယ် ကျောင်းလည်းတက်တယ် အမှန်မှန်ဆိုသူကတောင်
ကျွန်တော်ထက်စာအများကြီးတော်သေးတယ် သူ IDCS တက်တော့ အဲဒီကစာတွေရယ် ကျောင်းကစာတွေရယ်
ကလည်းခပ်ဆင်ဆင် ဆင်သာဆင်တယ်မှားဖြေလို့ ကတော့ရှော့ ပဲ အဲဒီလိုလုံးပန်းရင်နဲ့ သူတစ်နှစ်ကျခဲ့ပါတယ်
သူကိုနောက်တစ်နှစ်ပြန်တက်တော့ ကျွန်တော်တို့ နဲ့ တွေတာပေါ့သူကပြောတယ်အဲဒီတုံးကသူကခုနှစ်ရက်လုံးလုံးမအားသလိုဖြစ်နေတယ
် ငါးရက်ကကျောင်း နှစ်ရက် IDCS ဆိုတော့သူမှာစာကြည့်ဖို့ အချိန်မရဘူးနောက်ပြီးသွားတာလာတာနဲ
့ဘတ်စ်ကားပေါ်မှာပဲအချိန်ကုန်နေသလိုဖြစ်သွားတာပေါ့ နှစ်ခုလုံးကိုလိုက်လျောညီထွေစွာနဲ့ အဆင်ပြေစွာလက်ခံနိုင်မယ်လူလည်း
မရှိမဟုတ်ရှိပါတယ် ဒါပေမယ့်အရမ်းစိတ်ဖိစီးမှုများတယ်ပြောရမှာပေါ့ ကျွန်တော်အနေနဲ့ ကျောင်းပြီးမှတက်လည်းနောက်မကျသေးဘူးထင်ပါတယ်
တစ်ချို့ ကပြောတယ်ကျောင်းပြီးရင်အချိန်မရှိဘူး ဘာညာဆိုပြီး သိတဲ့အတိုင်းနိုင်ငံခြားဆိုတာ ဟတ်ချလောင်းဆိုပြီးထွက်လို့ ရတာမှမဟုတ်တာ အဲဒီကြားထဲမှာအချိန်ကတော့ကျန်ဦးမှာပဲလေ အဲံဒီအချိန်တွေမှာတက်လို့ ရမှာပါ ဒါကတော့ကိုယ်အပိုင်းနဲ့ ကိုယ်ဆိုင်သွားပါတယ် ကိုယ်ဖာသာကိုယ်ချင့်ချိန်ပြီးလုပ်ရမှာပါ ဒီခေတ်ကြီးကကြိုးစားရမယ် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပေမယ် လူသားတစ်ယောက်ဖြစ်တယ့်အတွက
် ပျော်ရွင်မှုတို့ လွတ်လပ်မှုတို့ လည်းလိုပါသေးတယ် ကျွန်တော်အနေနဲ့ ကတော့သားသမီးတွေကို ဖိအားပေးပြီးတော့ သင်တန်းတွေကိုမတက်ခိုင်းစေချင်ဘူး
သူတို့ စိတ်ဝင်စားမယ့် သူတို့ နဲ့ သင့်တော်မယ် သူတို့ အသက်မွေးဝမ်းကြောင်းနဲ့ အဆင်ပြေစေမယ့်အထောက်အကူပြုစေမယ်သင်တန်းမျိုးကိုပဲတက်စေချင်ပါတယ်